ဂျက်ကီ့ ဒိုင်ယာရီ ၆ ဂနေ့.. ဂျက်ကီဘွမှာ.. အပြောင်းအလဲတွေ စတယ်။ ပြောပြန်ရင်လည်း အာဝူးတယ် ဖြစ်ဦးမယ်။ စဉ်းစားကြည့်.. ဂျက်ကီ့ဘာသာ ဆော့တယ်.. ကမြင်းတယ်.. ဘာဖြစ်လဲ.. ခုမှ တားက ကလေးပဲရှိသေးတာလေ.. အဲဒါကို ဂျက်ကီ့ကို စကားနားမထောင်လို့တဲ့.. လူစိမ်းတစ်ယောက်နဲ့ ပေးတွေ့လိုက်တယ်… ဝင်းထဲမှာ ဆော့နေတုန်း.. အနံ့တစ်ခုရလို့ ကြည့်လိုက်တော့.. လူတစ်ယောက်… တီ.တီ..တီ.. လူဆိုးကပ်လာပြီ… တိုက်ခိုက်ရမယ်. ဟိုက်ရား.. ဝုတ်ဝုတ်ဝုတ်.. ဝုတ်ဝုတ်ဝုတ်.. ဂါး… လူစိမ်းက ဘာတွေ ပြောနေမှန်းမသိဘူး.. သခင်က တံခါးဖွင့်ပေးလိုက်တယ်.. အဲလူက ဂျက်ကီ့ကို လက်ညှိုးထောင်ပြီး ငြိမ်ငြိမ်နေဖို့ အချက်ပြတယ်။ ရဘူး.. အာဝူး!!!!! ဝုတ်ဝုတ်… ခဏနေတော့ သခင်က အနော့်ကိုဆွဲထားတဲ့ ကြိုးကို သူ့လက်ထဲ အပ်လိုက်တယ်။ ဒါဟာContinue reading “ဂျက်ကီ့ ဒိုင်ယာရီ – အပိုင်း ၆”
Category Archives: Diary
ဂျက်ကီ့ ဒိုင်ယာရီ အပိုင်း ၅
#ZawGyiအဟမ်း.. ဒီတစ်ခါတော့ ကြောင်တွေအကြောင်းပြောပြမယ်။ ဒင်းတို့ဟာ အင်မတန်မှ သောက်ကျင့်မကောင်းတဲ့ကောင်တွေဗျ။ စဉ်းစားကြည့်လေ.. အနော့်ခြံထဲ ခပ်တည်တည်နဲ့ သေးဝင်ပေါက်တယ်။ လိုက်ကိုက်တာ.. သီသီလေးလွတ်သွားတယ်။ ဟော.. အနော့်အစာခွက်ထဲက အစာလုံးတွေတောင် လာသမကြသေးတယ်။ စဉ်းစားကြည့်.. ဘယ်လောက်တောင် ကိုက်ချင်စရာကောင်းသလဲလို့။ တစ်ခါတစ်လေများ ခြံအပြင်ကနေ တစ်လှမ်းချင်းလုပ်နေသေးတယ်။ ခြံတံခါး ခံနေမှန်းသိလို့ ဟောင်တာတောင် ထွက်မပြေးဘူး။ ခုတော့ အနော့်ခြံထဲ ဒီကောင်တွေ သိပ်မလာတော့ဘူးဗျ။ ဒီတော့ ဘာဖြစ်သလဲ??? အပြင်လမ်းလျှောက်ထွက်တော့ လိုက်ဖမ်းတာပေါ့။ ဟွန်းဟွန်း.. တစ်ခါတော့.. သခင်နဲ့ လမ်းလျှောက်ထွက်တုန်း.. ကြောင်တစ်ကောင်က ရှေ့ကဖြတ်ပြေးသဗျ။ အနော်လည်း ဒါမျိုးတော့ လက်လွတ်မခံဘူးလေ။ လိုက်တာပေါ့.. အဲဒီမှာတင် သခင်ဆွဲထားတဲ့ ကြိုးလွတ်သွားတာပေါ့။ အစာခြောက်ရဲ့ အရသာကို ငတ်ပြတ်မှ သိမယ်..လွတ်လပ်ရေးဆိုတဲ့ အရသာကို ကြိုးလွတ်မှ သိမယ် ဆိုတဲ့Continue reading “ဂကျြကီ့ ဒိုင်ယာရီ အပိုင်း ၅”
ဂျက်ကီ့ ဒိုင်ယာရီ ၄
ကိုကို မမ အူးအူး တီိတီတို့ အာဝူးပါ.. အနော် ဟိုးတစ်လောက စွန့်စားခန်းထွက်တာ ပြောပြပြီးပြီဆိုတော့ ဒီတစ်ခါ လူဆိုးကြီးနဲ့ သွားချကြတာပြောပြမယ်။ တစ်နေ့ မနက်ပိုင်းမှာတော့ အနော့်သခင်ဟာ ပုံမှန်ထက်ထူးခြားစွာ သောက်ပလုပ်တုတ်.. သခင်က နောက်ခန်းမှာ အနော်နဲ့ ထိုင်တယ်။ သူပါလာလို့.. မဟုတ်ရင် ဂျက်ကီကားပေါ်တောင် မတက်ဘူးမှတ်။ ခဏနေတော့ ကားထွက်တော့လေ.. မူးဒယ်..မူးဒယ်… အေးပေမယ့် မူးဒယ်..သခင်ကတော့ ခေါင်းကိုပွတ်.. အနော့်ခေါင်းကို သူ့ပေါင်ပေါ်တင်ပြီး မှေးခိုင်းပေမယ့် မူးနေတာကို ဘူမှမသိကြဘူး… နည်းနည်းကြာတော့ ကားရပ်သွားတယ်။ အဆင်းမှာမူးနေတော့ သိုင်းကွက်နင်းပြီး ရာဇအိနြေ္ဒနည်းနည်းပျက်သွားသေးတယ်။ အမူးပြေမှ သခင် ကြိုးဆွဲတဲ့နောက်လိုက်ကြည့်လိုက်တော့.. လား..လား.. ရန်သူတော်တွေများကြီး..များကြီးကိုး။ အခန်းထဲမှာ ကြောင်တွေ ၊ စုတ်ဖွားတွေ ၊ သူတို့ သခင်တွေ အညားကြီးပဲ။ ဂျက်ကီ့ကိုContinue reading “ဂျက်ကီ့ ဒိုင်ယာရီ ၄”
ဂျက်ကီ့ ဒိုင်ယာရီ ၃
ကိုင်း… စွန့်စားခန်းတွေအတွက် အဆင်သင့်ဖြစ်နေကြပြီလား.. အနော့်ကိုတော့ သခင်က လမ်းလျှောက်ဖို့ ကြံစည်နေသတဲ့။ အနော့်ကို ကြိုးစမ်းစွပ်တဲ့နေ့က ခုန်ပေါက်.. ကိုက်ဝါး အကုန်လုပ်ပစ်လိုက်တာ.. သခင်လည်း ပက်လက်ကိုလန်ရှာလေရော။ သနားလို့ အစွပ်ခံလိုက်တော့.. သူ့ခမျာ ကျေနပ်ပြီး မုန့်တောင် ကျွေးသွားသေးတယ်.. နောက်နေ့ကျတော့ စွန့်စားခန်းထွက်ကြပါလေရော။ အနော်က ကမ္ဘာကြီးကို အနော့်ခြံလေးပဲ မှတ်နေတာ.. မှားသွားသဗျ။ မနက်ပိုင်း လမ်းလျှောက်ထွက်တာနဲ့ ၂ ခြံကျော်က ငတတစ်ကောင်က ထွက်ဟောင်သဗျ။ ပထမတော့ လန့်လို့ ငြိမ်ခံနေတာပေါ့။ နောက် ၂-၃ ခေါက်ကျတော့ အနော်လည်း ပြန်ဟောင်ပစ်လိုက်တယ်။ ခုချိန်ထိလည်း အဲခြံရှေ့က ဖြတ်တိုင်းဟောင်တုန်းပဲ။ နောက်တစ်ခြံကျတော့ နိုနိုလို ရွှေဝါရောင်ကောင်ကြီးတစ်ကောင် ထွက်ဟောင်ပြန်ရော.. အာကာဆိုပဲ နာမည်က။ တောဆန်လိုက်တာ..အဲဒီကောင် တောသားနေမှာ.. အသက်သာကြီး အနော့်ကျတော့ လိုက်ဟောင်နေတာကိုး..ဟွန်း။Continue reading “ဂျက်ကီ့ ဒိုင်ယာရီ ၃”
ဂျက်ကီ့ဒိုင်ယာရီ ၂
နောက်နေ့ကျတော့ သခင်အသစ်က အစောကြီး တံခါးလာဖွင့်ပေးတယ်။ ဒာနော်လည်း ပြေးထွက်လိုက်တယ်။ မုန့်ကျွေးတယ်.. ရေတိုက်တယ်။ တကယ့်ကို မဆိုးဘူးဗျ။ ဒါတောင် သခင်အသစ်က မနက်အစောကြီး ထွက်သွားတယ်။ ခဏနေတော့ သခင်အသစ်လည်း အထုပ်တွေဆွဲပြီး ကားပေါ်တက်သွားတယ်။ အနော့်ကိုလည်း ခေါင်းကို ပွတ်ပြီး သေချာမှာသွားတယ်။ ဘာတွေပြောနေမှန်း မသိပေမယ့် စိတ်မချလို့ မှာနေတယ်လို့တော့ သဘောပေါက်တယ်။ သခင် ၂ ယောက်စလုံး ထွက်သွားတော့ အိမ်က ကျန်တဲ့လူတွေက ကျွန်တော့်ကို မုန့်တွေကျွေးတယ်။ မုန့်ဆိုတာကလည်း စားနေကျ အစာလုံးတွေပါဗျာ။ တစ်နေကုန် အိပ်လိုက် စားလိုက်လုပ်နေတာ.. ညနေကျတော့ တီတီ ဆိုတာနဲ့ ကျွန်တော်လည်း အသံကြားလို့ထွက်ကြည့်တော့ သခင်အသစ် ပြန်လာတာ ဖြစ်နေတယ်။ အနော်လည်း ထွက်ပြီး ကြို.. သခင်က ဝင်းထဲမှာ ကျွန်တော်နဲ့ဆော့။Continue reading “ဂျက်ကီ့ဒိုင်ယာရီ ၂”