စပ်စုစိန် တိရိစ္ဆာန်လေးများ

၁။ နောက်ကနေ ချောင်းကြည့်

၂။ ကျောပေါ်တက်ကြည့်

၃။ ပြပါဦးဗျ။

၄။ နည်းနည်းဖယ်ပေး ကြည့်မလို့။

၅။ ဒီလို တက်ထိုင်လိုက်တော့ ပြီးတာပဲ မဟုတ်လား။

၆။ သေချာထိုင်နေတာ ကျောပေါ်ကနေ

၇။ ဆရာကြီးများ လာရောက်စပ်စု

၈။ မှန်းစမ်း အထဲမှာ ဘာတွေတုန်း။

၉။ လှည့်ချိန်ပြီး ရိုက်ရတော့တာပဲ။

၁၀။ တူတူကြည့်မယ်ကွာ

၁၁။ နောက်ကနေ ဖက်ထားပေးတဲ့ ကိုကိုဖျံ

၁၂။ ဟိုးဘက်ကို ရိုက်.. ဟိုမှာ ဟိုမှာ

၁၃။ မွမွ

၁၄။ ဘာကြီးနဲ့ ချိန်နေတာတုန်း

အခန်း ၁ ။ ကြိုတင် စဥ်းစားထားပါ။

“Tips for Responsible Dog Owners” by American kennel club

##################

AKC / America Kennel Club က ထုတ်ဝေထားတဲ့ Tips for Responsible Dog Owners ဆိုတဲ့ စာအုပ်ငယ်လေးကို အခန်းလိုက် ဘာသာပြန်ပေးသွားမှာဖြစ်ပါတယ်။ ၁၂ ခန်းပါရှိပြီး အလျင်းသင့်သလို တစ်ခန်းချင်း ရေးသွားမှာဖြစ်ပါတယ်။

##################

အခန်း : ကြိုတင် စဥ်းစားထားပါ။

ခွေးမွေးတယ်ဆိုတာ ပေါ့ပေါ့ဆဆ မှတ်ယူလို့မရပါဘူး။ ခွေးတစ်ကောင်ကို မွေးပြီးဆိုတာနဲ့ စိတ်ပိုင်းဆိုင်ရာရော ၊ ငွေကြေးပိုင်းဆိုင်ရာပါ ရေရှည်ကြည့်နိုင်မှ အဆင်ပြေမှာပါ။ ဘယ်ခွေးက သင့်အတွက် အဆင်ပြေမယ်ဆိုတာ မဆုံးဖြတ်ခင် သင့်အိမ်အနေအထားကရော ခွေးတွေအတွက် အဆင်ပြေပါ့မလားဆိုတာကို စဥ်းစားရမှာပါ။

▪️မိမိ၏ နေထိုင်မှုပုံစံကို သုံးသပ်ပါ။

ခွေးတစ်ကောင် မွေးပြီဆိုတာနဲ့ သင့်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်သွားပါပြီ။ သင်မွေးမယ့် ခွေးသည် သင့်ရဲ့ နေ့စဥ်နေထိုင်မှုပုံစံနဲ့ အဆင်ပြေမှဖြစ်မှာပါ။ ဥပမာ။ ။ ကိုယ်က အားကစားလုပ်ရတာ ကြိုက်နှစ်သက်သူဆိုရင် အေးရာအေးကြောင်း လှဲနေမယ့် ခွေးမျိုးနဲ့ အဆင်မပြေနိုင်သလို ၊ သန့်သန့်ပြန့်ပြန့်ကြိုက်သူဆိုရင် အမွေးတွေ အရမ်းကျွတ်မယ့် ခွေးမျိုးနဲ့လည်း အဆင်မပြေပါဘူး။ ခွေးမဝယ်ခင် ကိုယ့်ရဲ့ ဝါသနာ၊ နေထိုင်လှုပ်ရှားမှု ၊ နေ့စဥ် အချိန်ဇယားတွေကို သေချာ ပြန်သုံးသပ်ဖို့ အရေးကြီးပါတယ်။

▪️List လုပ်ထားပါ။

မိမိလိုချင်တဲ့ ခွေးတစ်ကောင်မှာ ရှိသင့်တဲ့ အရည်အချင်းတွေကို တန်းစီချရေးထားပါ။ အရွယ်အစား ၊ စိတ်နေစိတ်ထား ၊ ခွန်အား အသုံးပြနိုင်မှု၊ အမွေးအမျှင် ထိန်းသိမ်းပေးရမယ့် အနေအထား စတာတွေကို ချရေးထားသင့်တယ်။ ခြံစောင့်ခွေးကိုလိုချင်တာလား ၊ ပွတ်သီးပွတ်သပ်နဲ့ ခွေးအငယ်တွေကို မွေးချင်တာလား စသဖြင့်ပေါ့။ အိမ်မှာ ကလေးတွေနဲ့ အတူထားမှာလား။ အိမ်ငှားနေတာလား။ တိုက်ခန်းနဲ့ နေတာလား။ ဒါဆို ခွေးအရွယ်အစား ၊ အမြင့် ၊ အမျိုးအစားနဲ့ ပတ်သက်ပြီး ကန့်သတ်မှုတွေ ရှိလာနိုင်ပါတယ်။ အခုကတည်းက ဒီမေးခွန်းတွေအတွက် အဖြေရှာထားပါ။ ခွေးရောက်လာမှ စဥ်းစားမယ်ဆို ကြေကွဲစရာတွေ ဖြစ်ကုန်ပါလိမ့်မယ်။

▪️ခွေးအမျိုးအစားကို ရွေးချယ်ပါ။

List လုပ်ပြီးလို့ ကိုယ့်အတွက်လည်း အဆင်ပြေပြီဆိုရင်တော့ အဆိုပါ အရည်အချင်းနဲ့ ကိုက်ညီမယ့် ခွေးအမျိုးအစားကို စတင်ရှာဖွေလို့ရပါပြီ။ နိုင်ငံခြားမှာတော့ Kennel တွေမှာ သွားဝယ်နိုင်သလို၊ ပိုင်ရှင်မဲ့ခွေးဂေဟာတွေကနေလည်း ခေါ်ယူမွေးစားလို့ရပါတယ်။

၁။ အဆက်အသွယ်ရှာပါ။

ခွေးခြံတွေ ဘယ်က ကောင်းလဲ။ အရည်အသွေးကို အဓိကထားပြီး ဂုဏ်သိက္ခာနဲ့ ရပ်တည်နေတဲ့ ခွေးခြံတွေကို ရှာသင့်ပါတယ်။ သူတို့ဆီမှာတော့ AKC က ခွေးအမျိုးအစားအလိုက် သားဖောက်သူတွေနဲ့ ချိတ်ထားပြီး လမ်းညွန်ပေးပါတယ်။

၂။ ကိုယ်တိုင် စုံစမ်းပါ။

အဆက်အသွယ်ရပြီဆိုလျှင် ခွေးခြံ သို့မဟုတ် ခွေးရောင်းသူကို ဆက်သွယ်ပြီး ကိုယ်အလိုရှိတဲ့ ခွေးအမျိုးအစားကို ပြောပြပြီး စုံစမ်းပါ။ ကိုယ်လိုချင်တဲ့ ခွေးအမျိုးအစားက ရောင်းဖို့မရှိတော့လို့ တစ်ခြားဟာ ဝယ်လိုက်တာမျိုး မလုပ်ပါနဲ့။ တစ်ခြံမှာ မရှိလည်း အခြားခြံမှာ ရှိနေနိုင်ပါတယ်။

၃။ မေးခွန်းများမေးပါ။

ကိုယ်မွေးချင်တဲ့ ခွေးအမျိုးအစားနဲ့ပတ်သက်ပြီး စိတ်ထဲမရှင်းတာတွေ မေးပါ။ မေးကြည့်လို့ ကိုယ်နဲ့ခွေးရောင်းသူ စကားပြောရတာ အဆင်ပြေပြီဆိုရင် သူ့ရဲ့ ခွေးခြံကို ကိုယ်တိုင်သွားကြည့်ပါ။ မွေးမယ့်ခွေးရဲ့ ကျန်းမာရေးဆိုင်ရာ၊ နေထိုင်မှု၊ အစားအသောက်တွေ အကုန်မေးကြည့်ပါ။

၄။ အရွယ်ရောက်ပြီးသား ခွေးကြီး မွေးမှာလား။

ပါပီတိုင်းဟာ လူတိုင်းအတွက်တော့ အဆင်မပြေပါဘူး။ တစ်ခါတစ်လေကျတော့ အရွယ်ရောက်ပြီးသား ခွေးကြီးတွေနဲ့မှ အဆင်ပြေတာမျိုးလည်း ရှိတတ်ပါတယ်။ နိုင်ငံခြားမှာတော့ ခွေးကယ်ဆယ်ရေးစခန်းတွေကနေ သွားပြီး ယူလို့ရပါတယ်။ နောက်ပိုင်းအခန်းတွေမှာ အဲဒီကိစ္စတွေကို ဗဟုသုတအနေနဲ့ ရေးပါဦးမယ်။

၅။ မေးခွန်းများကို မျှော်လင့်ထားပါ။

တစ်ချို့ခွေးရောင်းသူများသည် ခွေးများကို လက်လွတ်စပယ် မရောင်းပဲ ဝယ်မည့်သူများ၏ အိမ်အနေအထားကိုပါ တီးခေါက်ကြည့်လေ့ရှိပါတယ်။ သူတို့မေးမယ့် မေးခွန်းများအတွက်လည်း အဆင်သင့်ဖြစ်နေပါစေ။ နိုင်ငံခြားမှာတော့ breeder တွေက တာဝန်ရှိရှိရောင်းကြတာဖြစ်လို့ ပိုက်ဆံရပြီးရောမလုပ်ကြပဲ သူတို့ ခွေးလေး အဆင်ပြေပါ့မလားဆိုတာကိုလည်း ထည့်စဥ်းစားကြပါတယ်။ ပတ်ဝန်းကျင်နဲ့ ပြဿနာဖြစ်ရင် ခွေးက အရင်ဆုံး ခံရတာပါ။ ( ဂျက်ကီ့ကို မရောင်းခင် ရန်ကုန်အထိ လာပြီး အိမ်ကိုလာကြည့်တဲ့ မန္တလေးက အန်တီ့ကို သတိရမိပါတယ်။ )

၆။ အချိန်ပေး စောင့်ဆိုင်းပါ။

ကိုယ်လိုချင်တဲ့ ခွေးအမျိုးအစားက ခြံတွေမှာ သားမပေါက်သေးတာလည်း ဖြစ်နိုင်တာပဲ။ ဒီဟာမရလို့ ဟိုဟာယူမယ်ဆိုတာမျိုးလုပ်ရအောင် သက်မဲ့ပစ္စည်းလည်း မဟုတ်ပါ။ သင့်ဘဝရဲ့ အဖော်မွန်ဖြစ်လာမယ့် ခွေးမျိုးကောင်းကောင်းလေးရဖို့ အချိန်ပေးပြီး စောင့်ဆိုင်းရတာ တန်ပါတယ်။

၇။ ပွဲတော်ချိန်တွေမှာ ခွေးမဝယ်ပါနဲ့။

ဒါကတော့ နိုင်ငံခြားက လူမျိုးများအတွက် ရည်ရွယ်ပါတယ်။ ခရစ်စမတ်လို အခါသမယမျိုးမှာ လက်ဆောင်အနေနဲ့ ပါပီတွေ ဝယ်ပေးတတ်တာမျိုး လုပ်လေ့ရှိကြပါတယ်။ ဒါမျိုးကို Breeder တွေက သိပ်အားမပေးချင်ပါဘူး။ တစ်ခြားပျော်စရာတွေ အများကြီး ရှိနေမယ့်အချိန်မှာ အိမ်ကို ရောက်လာမယ့် ခွေးလေးအပေါ် အာရုံစူးစိုက် ဂရုစိုက်ပေးမှုလျော့ကျနေနိုင်လို့ဖြစ်ပါတယ်။ “ဟေး!!! ခွေးလေးကွ” ဆိုပြီး ပျော်လှ တစ်ညပေါ့။ ပြီးရင် ဟိုလျှောက်သွား ဒီလျှောက်စားနဲ့ ခွေးလေးကို မေ့နေမှာမျိုးကို breeder တွေက မဖြစ်စေချင်ကြပါဘူး။ ဒီတော့ ပျော်စရာ အာရုံများစရာတွေ အေးဆေးပြီးမှ ခွေးလေးကို အိမ်ခေါ်လာတာက ဂရုစိုက်မှု ပိုရပါလိမ့်မယ်။

ဂျက်ကီ့ ဒိုင်ယာရီ – အပိုင်း ၆

ဂျက်ကီ့ ဒိုင်ယာရီ ၆

ဂနေ့.. ဂျက်ကီဘွမှာ.. အပြောင်းအလဲတွေ စတယ်။ ပြောပြန်ရင်လည်း အာဝူးတယ် ဖြစ်ဦးမယ်။ စဉ်းစားကြည့်.. ဂျက်ကီ့ဘာသာ ဆော့တယ်.. ကမြင်းတယ်.. ဘာဖြစ်လဲ.. ခုမှ တားက ကလေးပဲရှိသေးတာလေ.. အဲဒါကို ဂျက်ကီ့ကို စကားနားမထောင်လို့တဲ့.. လူစိမ်းတစ်ယောက်နဲ့ ပေးတွေ့လိုက်တယ်…

ဝင်းထဲမှာ ဆော့နေတုန်း.. အနံ့တစ်ခုရလို့ ကြည့်လိုက်တော့.. လူတစ်ယောက်… တီ.တီ..တီ.. လူဆိုးကပ်လာပြီ… တိုက်ခိုက်ရမယ်. ဟိုက်ရား.. ဝုတ်ဝုတ်ဝုတ်.. ဝုတ်ဝုတ်ဝုတ်.. ဂါး…

လူစိမ်းက ဘာတွေ ပြောနေမှန်းမသိဘူး.. သခင်က တံခါးဖွင့်ပေးလိုက်တယ်.. အဲလူက ဂျက်ကီ့ကို လက်ညှိုးထောင်ပြီး ငြိမ်ငြိမ်နေဖို့ အချက်ပြတယ်။ ရဘူး.. အာဝူး!!!!! ဝုတ်ဝုတ်…

ခဏနေတော့ သခင်က အနော့်ကိုဆွဲထားတဲ့ ကြိုးကို သူ့လက်ထဲ အပ်လိုက်တယ်။ ဒါဟာ ဂျက်ကီ့ကို အကြီးမားဆုံးစိန်ခေါ်လိုက်တာပဲ သခင်။ သခင်မှ တစ်ပါး.. ဘူမှ မဆွဲရဘူးကွ.. ဘူမှ ဘူမှ… ဝုတ်ဝုတ်ဝုတ်.. လိုက်ဘူး.. လ..လဘင်း အစ်တယ်… အစ်.. အီ…အီ..သခင်လုပ်ပါဦး… လုပ်ပါဦး.. နောက်ဆို ဖိနပ်တွေလည်း မကိုက်တော့ပါဘူး။ သခင်ထားတဲ့အတိုင်းနေပါ့မယ်.. သခင်.. ကယ်ပါဦး..

ဂျွမ်းတွေဘာတွေ ထိုးပြီး ရုန်းတာပဲ.. ရပါဘူး။ ကြာတော့ မောလာတယ်.. သခင်က ဘေးနားက ကြည့်နေတယ်.. အောင်မယ်.. ဒင်းက ပြုံးတောင် နေလိုက်သေး။ ဟိုလူကြီးကလည်း လက်တွေ ပေးခိုင်းတယ်.. ဘယ်ဆို ဘယ်.. ညာဆို ညာ.. သွား.. သွား.. လူစိမ်းကြီး.. လူစိမ်းကြီး..

ခဏနေတော့ အဲလူကြီး ပြန်သွားတယ်.. ဝှီိး..မောထှာ….။ …ရေ…ရေ..ပေးပါ..။ သခင်ကတော့ ပျော်နေပုံပဲ။ သခင်က အနော့်ကို ခေါင်းပွတ်ပေးတယ်.. မုန့်ကျွေးတယ်.. ဒါ ပြန်ချော့တာလား.. သခင်…

ဒီတစ်ခါတော့ ရှိစေတော့.. နောက်နေ့ကျတော့လည်း ဟိုလူုကြီး ထပ်ရောက်လာပြန်ရော။ ဒီတစ်ခါ ထိုင်ခိုင်းတယ်.. ဝပ်ခိုင်းတယ်.. ပြန်ထိုင်ခိုင်းတယ်.. လက်ပေးခိုင်းတယ်.. ပြေးခိုင်းတယ်.. အာ..ဟာ…ဝူး.. နိုချင်လာဘီနော်..

ဟား.. သခင်လာပြီ.. အနော့်ကို ကယ်ပါ.. ဒီလူကြီးနဲ့ ဝေးရာကို ထွက်ပြေးကြမယ်.. သခင်.. သခင်..
“ထိုင်!!!!!!” .. အမ်.. ပြင်းထန်တဲ့ အမိန့်ပေးသံ.. သခင့်ပါးစပ်က ထွက်လာတယ်.. ဂျက်ကီမယုံဘူး.. ယုံဝူး.. ဒါပေမယ့် လိုက်လုပ်ပေးလိုက်တယ်.. သခင် ပျော်သွားတယ်..

ဟိုလူကြီး ပြန်သွားတော့.. သခင့်ကို သိပ်မကပ်ပဲ နေလိုက်တယ်.. ဂျက်ကီ ချိတ်ချိုးကြောင်း ပြရမှာပဲ။ သခင်က မုန့်ကျွေးတယ်.. စားဝူး.. ခဏနေတော့ ဘီးနဲ့ လာဖီးတယ်.. ဂျက်ကီလည်း စိတ်ပေါက်ပေါက်နဲ့.. ဘီးကို ကိုက်ရင်းနဲ့ သူ့လက်ပါ ကိုက်မိသွားတယ်.. အား!!!! သခင့်အော်သံ… ဂျက်ကီလည်း လန့်သွားတယ်.. သခင်က အခန်းတံခါးဖွင့်ပြီး.. အပြင်ကို လက်ညှိုးညွှန်ပြီး ထွက်ခိုင်းတယ်.. ဂျက်ကီလည်း ခပ်တည်တည်ပဲ.. ဘူ့မှ ဂရုမစိုက်တဲ့ပုံနဲ့ ထွက်လာပလိုက်တယ်.. ရတယ်.. သခင်.. ရတယ်.. ဂျက်ကီက ကောက်ပြီဆို တော်တော်နဲ့ ပြန်ဖြောင့်မရဘူးဆိုတာ သခင် သိပါစေ…

ဒါပဲ.. နောက်မှ ပြောပြမယ်..
အာဝူး..
လောလောဆယ်.. အားလုံးကို ကိုက်ပြိုက်ချင်တယ်..

#ZawGyi

ဂ်က္ကီ့ ဒိုင္ယာရီ ၆

ဂေန႔.. ဂ်က္ကီဘြမွာ.. အေျပာင္းအလဲေတြ စတယ္။ ေျပာျပန္ရင္လည္း အာဝူးတယ္ ျဖစ္ဦးမယ္။ စဥ္းစားၾကည့္.. ဂ်က္ကီ့ဘာသာ ေဆာ့တယ္.. ကျမင္းတယ္.. ဘာျဖစ္လဲ.. ခုမွ တားက ကေလးပဲရွိေသးတာေလ.. အဲဒါကို ဂ်က္ကီ့ကို စကားနားမေထာင္လို႔တဲ့.. လူစိမ္းတစ္ေယာက္နဲ႔ ေပးေတြ႕လိုက္တယ္…

ဝင္းထဲမွာ ေဆာ့ေနတုန္း.. အနံ႔တစ္ခုရလို႔ ၾကည့္လိုက္ေတာ့.. လူတစ္ေယာက္… တီ.တီ..တီ.. လူဆိုးကပ္လာၿပီ… တိုက္ခိုက္ရမယ္. ဟိုက္ရား.. ဝုတ္ဝုတ္ဝုတ္.. ဝုတ္ဝုတ္ဝုတ္.. ဂါး…

လူစိမ္းက ဘာေတြ ေျပာေနမွန္းမသိဘူး.. သခင္က တံခါးဖြင့္ေပးလိုက္တယ္.. အဲလူက ဂ်က္ကီ့ကို လက္ညႇိုးေထာင္ၿပီး ၿငိမ္ၿငိမ္ေနဖို႔ အခ်က္ျပတယ္။ ရဘူး.. အာဝူး!!!!! ဝုတ္ဝုတ္…

ခဏေနေတာ့ သခင္က အေနာ့္ကိုဆြဲထားတဲ့ ႀကိဳးကို သူ႔လက္ထဲ အပ္လိုက္တယ္။ ဒါဟာ ဂ်က္ကီ့ကို အႀကီးမားဆုံးစိန္ေခၚလိုက္တာပဲ သခင္။ သခင္မွ တစ္ပါး.. ဘူမွ မဆြဲရဘူးကြ.. ဘူမွ ဘူမွ… ဝုတ္ဝုတ္ဝုတ္.. လိုက္ဘူး.. လ..လဘင္း အစ္တယ္… အစ္.. အီ…အီ..သခင္လုပ္ပါဦး… လုပ္ပါဦး.. ေနာက္ဆို ဖိနပ္ေတြလည္း မကိုက္ေတာ့ပါဘူး။ သခင္ထားတဲ့အတိုင္းေနပါ့မယ္.. သခင္.. ကယ္ပါဦး..

ဂၽြမ္းေတြဘာေတြ ထိုးၿပီး ႐ုန္းတာပဲ.. ရပါဘူး။ ၾကာေတာ့ ေမာလာတယ္.. သခင္က ေဘးနားက ၾကည့္ေနတယ္.. ေအာင္မယ္.. ဒင္းက ျပဳံးေတာင္ ေနလိုက္ေသး။ ဟိုလူႀကီးကလည္း လက္ေတြ ေပးခိုင္းတယ္.. ဘယ္ဆို ဘယ္.. ညာဆို ညာ.. သြား.. သြား.. လူစိမ္းႀကီး.. လူစိမ္းႀကီး..

ခဏေနေတာ့ အဲလူႀကီး ျပန္သြားတယ္.. ဝွီိး..ေမာထွာ….။ …ေရ…ေရ..ေပးပါ..။ သခင္ကေတာ့ ေပ်ာ္ေနပုံပဲ။ သခင္က အေနာ့္ကို ေခါင္းပြတ္ေပးတယ္.. မုန႔္ေကၽြးတယ္.. ဒါ ျပန္ေခ်ာ့တာလား.. သခင္…

ဒီတစ္ခါေတာ့ ရွိေစေတာ့.. ေနာက္ေန႔က်ေတာ့လည္း ဟိုလူုႀကီး ထပ္ေရာက္လာျပန္ေရာ။ ဒီတစ္ခါ ထိုင္ခိုင္းတယ္.. ဝပ္ခိုင္းတယ္.. ျပန္ထိုင္ခိုင္းတယ္.. လက္ေပးခိုင္းတယ္.. ေျပးခိုင္းတယ္.. အာ..ဟာ…ဝူး.. နိုခ်င္လာဘီေနာ္..

ဟား.. သခင္လာၿပီ.. အေနာ့္ကို ကယ္ပါ.. ဒီလူႀကီးနဲ႔ ေဝးရာကို ထြက္ေျပးၾကမယ္.. သခင္.. သခင္..

“ထိုင္!!!!!!” .. အမ္.. ျပင္းထန္တဲ့ အမိန႔္ေပးသံ.. သခင့္ပါးစပ္က ထြက္လာတယ္.. ဂ်က္ကီမယုံဘူး.. ယုံဝူး.. ဒါေပမယ့္ လိုက္လုပ္ေပးလိုက္တယ္.. သခင္ ေပ်ာ္သြားတယ္..

ဟိုလူႀကီး ျပန္သြားေတာ့.. သခင့္ကို သိပ္မကပ္ပဲ ေနလိုက္တယ္.. ဂ်က္ကီ ခ်ိတ္ခ်ိဳးေၾကာင္း ျပရမွာပဲ။ သခင္က မုန႔္ေကၽြးတယ္.. စားဝူး.. ခဏေနေတာ့ ဘီးနဲ႔ လာဖီးတယ္.. ဂ်က္ကီလည္း စိတ္ေပါက္ေပါက္နဲ႔.. ဘီးကို ကိုက္ရင္းနဲ႔ သူ႔လက္ပါ ကိုက္မိသြားတယ္.. အား!!!! သခင့္ေအာ္သံ… ဂ်က္ကီလည္း လန႔္သြားတယ္.. သခင္က အခန္းတံခါးဖြင့္ၿပီး.. အျပင္ကို လက္ညႇိုးညႊန္ၿပီး ထြက္ခိုင္းတယ္.. ဂ်က္ကီလည္း ခပ္တည္တည္ပဲ.. ဘူ႔မွ ဂ႐ုမစိုက္တဲ့ပုံနဲ႔ ထြက္လာပလိုက္တယ္.. ရတယ္.. သခင္.. ရတယ္.. ဂ်က္ကီက ေကာက္ၿပီဆို ေတာ္ေတာ္နဲ႔ ျပန္ေျဖာင့္မရဘူးဆိုတာ သခင္ သိပါေစ…

ဒါပဲ.. ေနာက္မွ ေျပာျပမယ္..

အာဝူး..

ေလာေလာဆယ္.. အားလုံးကို ကိုက္ၿပိဳက္ခ်င္တယ္..

ဂျက်ကီ့ ဒိုင်ယာရီ အပိုင်း ၅


#ZawGyi
အဟမ္း.. ဒီတစ္ခါေတာ့ ေၾကာင္ေတြအေၾကာင္းေျပာျပမယ္။ ဒင္းတို႔ဟာ အင္မတန္မွ ေသာက္က်င့္မေကာင္းတဲ့ေကာင္ေတြဗ်။ စဥ္းစားၾကည့္ေလ.. အေနာ့္ၿခံထဲ ခပ္တည္တည္နဲ႔ ေသးဝင္ေပါက္တယ္။ လိုက္ကိုက္တာ.. သီသီေလးလြတ္သြားတယ္။ ေဟာ.. အေနာ့္အစာခြက္ထဲက အစာလုံးေတြေတာင္ လာသမၾကေသးတယ္။ စဥ္းစားၾကည့္.. ဘယ္ေလာက္ေတာင္ ကိုက္ခ်င္စရာေကာင္းသလဲလို႔။ တစ္ခါတစ္ေလမ်ား ၿခံအျပင္ကေန တစ္လွမ္းခ်င္းလုပ္ေနေသးတယ္။ ၿခံတံခါး ခံေနမွန္းသိလို႔ ေဟာင္တာေတာင္ ထြက္မေျပးဘူး။

ခုေတာ့ အေနာ့္ျခံထဲ ဒီေကာင္ေတြ သိပ္မလာေတာ့ဘူးဗ်။ ဒီေတာ့ ဘာျဖစ္သလဲ??? အျပင္လမ္းေလ်ွာက္ထြက္ေတာ့ လိုုက္ဖမ္းတာေပါ့။ ဟြန္းဟြန္း..

တစ္ခါေတာ့.. သခင္နဲ႔ လမ္းေလ်ွာက္ထြက္တုန္း.. ေၾကာင္တစ္ေကာင္က ေ႐ွ႕ကျဖတ္ေျပးသဗ်။ အေနာ္လည္း ဒါမ်ိဳးေတာ့ လက္လြတ္မခံဘူးေလ။ လိုက္တာေပါ့.. အဲဒီမွာတင္ သခင္ဆြဲထားတဲ့ ႀကိဳးလြတ္သြားတာေပါ့။ အစာေျခာက္ရဲ႕ အရသာကို ငတ္ျပတ္မွ သိမယ္..လြတ္လပ္ေရးဆိုတဲ့ အရသာကို ႀကိဳးလြတ္မွ သိမယ္ ဆိုတဲ့ စကားတယ္မွန္သကိုးဗ်။ အေနာ္လည္း အဲဒီေၾကာက္ေနာက္ေျပးလိုက္ေတာ့ သခင္က ေနာက္ကေန ဂ်က္ကီ ႏိုး.. ဂ်က္ကီ.. ဂ်က္ကီ.. ဆိုၿပီး ေျပးလိုက္လာတယ္။ ခဏေနေတာ့.. အား လို႔ေအာ္သံၾကားလို႔ လွည့္ၾကည့္ေတာ့ သခင္ ေျခေထာက္ကိုင္ၿပီး ထိုင္ေနတာကို ေတြ႕ရတယ္။ သခင္ နဲ႔ ေၾကာင္စုတ္မွာ သခင့္ကိုပဲ ေရြးလိုက္ၿပီး သခင့္ဆီျပန္ေျပးသြားလိုက္တယ္။ ညည္းသံကို ခုထိကို နားထဲက မထြက္ေသးဘူး။ ေတာ္ေတာ္နာသြားပံုပဲ။ ဂ်က္ကီလည္း လ်ွာေလးနဲ႔ လ်က္ေပးလိုက္တယ္။ အဲဒီကိစၥျဖစ္ၿပီးေနာက္ သခင္ဟာ လမ္းေလ်ွာက္ရင္ ေထာ့နဲ႔ ေထာ့နဲ႔ ျဖစ္ေနတာ ေတာ္ေတာ္ၾကာသကိုး။ ခုုေတာ့လည္း ေကာင္းသြားပါၿပီ။ အဲဒီကတည္းက ဂ်က္ကီ စြန္႔စားခန္းမထြက္ရေတာ့တာပါ။ ဒီေန႔ေတာ့ ဂ်က္ကီ့ႀကိဳးကို ျပန္စစ္ေနတာ ေတြ႕ရတယ္။ နိဖန္ေတာ့ ေၾကာင္မသားေတြ ေသဖို႔သာျပင္.. ဂ်က္ကီလာပေဟ့…

တစ္ေန႔ေတာ့ သခင္က အစာခြက္လာခ်ေတာ့ စားေနက် အစာမဟုတ္ပဲ ထမင္းနဲ႔အသားေတြ ေကြၽးတယ္ဗ်။ ႏူးေနတာပဲ။ အရည္ေလးကလည္း အရသာ႐ွိ။ ႐ွိမွာေပါ့.. သခင္က သူကိုယ္တိုင္ျမည္းၿပီးမွ ေကြၽးတာေလ။ ဂ်က္ကီ့ေဝစုေတြ ေလ်ာ့ကုန္ရင္ စြတ္ခ။

ထမင္းေလးဘာေလး ေျပာင္းစားရေတာ့ အူစိုလာတာေတာ့ အမွန္ပဲ။ ေအာင္မယ္.. ဂ်က္ကီ့ဇာတာ ဒီမွာတင္ မရပ္ဘူး။ ဘီစကစ္ေတြလည္း ပါေသးသဗ်။ ကိတ္မုန္႔လည္း စားရတယ္။ ခုမွပဲ အစံုစားသတၱဝါ စစ္စစ္ ျဖစ္ေတာ့တယ္။

တစ္ခါေတာ့ သခင္ရယ္ ၊ သူ႔ေဖေဖေမေမရယ္ ဂ်က္ကီ့ကို ျခံထဲထုတ္.. ႀကိဳးသိုင္းေပး… လမ္းေလ်ွာက္မယ္ထင္တာ…။ ဘယ္ကလာ… ေရပိုက္ႀကီးနဲ႔ ထိုးေတာ့တာပဲ။ နားထဲေတာ့ မထိုးဘူးေပါ့။ ဒါေပမယ့္ ေရေတြကလည္း ခ်မ္းလိုက္တာ.. ဂတ္ဂတ္ဂတ္…။ ေမႊးေမႊးအျမႇဳပ္ေလးေတြထတဲ့ အရည္နဲ႔ တစ္ကိုယ္လံုးကို သခင္က ေဆးေပးတယ္။ ေနာက္ၿပီး ေရေျခာက္ေအာင္ ဝိုင္းသုတ္ေပးၾကတယ္။ ခဏေနေတာ့ ေလပူေတြထြက္တဲ့စက္နဲ႔ အေျခာက္ခံေပးေတာ့.. အိုေကမွာ စိုေျပသြားေတာ့တာေပါ့။ ေရခ်ိဳးၿပီး ခဏေနေတာ့ သခင္က အညိဳေရာင္အရည္ <အိုဗာတင္း> ေတြေဖ်ာ္တိုက္တယ္။ ေႏြးၿပီးခ်ိဳေနေတာ့ ေရခ်ိဳးၿပီးကာစမွာ ေသာက္လို႔ေကာင္းမွေကာင္း…အာဝူး..

သခင္က ဂ်က္ကီအတြက္ ေဘာလံုးေလးလည္း ဝယ္လာတယ္။ သိပ္ကိုက္ေကာင္းတာပဲ။ ေနာက္ေတာ့ ဝါးစားလို႔ရတဲ့ အ႐ိုးေတြ။ သြားယားရင္ ယားၾကည့္စမ္း.. သခင္ဝယ္ေပးထားတဲ့ အ႐ိုးတုေတြ႐ွိတယ္။

တစ္ညေတာ့ မိုးေပၚကေန ေရစက္ေတြက်လာတယ္။ ေလေတြလည္းတိုက္။ ဂ်က္ကီ့ဘဝမွာ တစ္ခါမွ မျမင္ဖူးလို႔ အိမ္ထဲကေန ထိုင္ၾကည့္ေနလိုက္တယ္။ ေနလို႔ ေအးသြားတာေတာ့ အမွန္ပဲဗ်။ အဲဒီညက ဂ်က္ကီ့အိမ္ေလး မိုးပက္သြားလို႔တဲ့.. အိမ္ထဲမွာ ေပးအိပ္တယ္။ ဂ်က္ကီေပ်ာ္လိုက္တာေလ။ ( ဒါက original post မွာ ​ေရးထားတဲ့အတိုင္​း ျပန္​ထည့္​ထားတာပါ။ သူ႔​ေခြးအိမ္​​ေလးထဲမွာ ဂ်က္​ကီ မအိပ္​တာ.. တစ္​ႏွစ္​ခြဲ႐ွိပါၿပီ။ အိမ္​ထဲမွာပဲ သိပ္​တာပါ ) သခင့္အခန္းထဲမွာေတာ့ မဟုတ္ဘူး။ ေအာက္ထပ္မွာ အိပ္ရတာ။ ညတိုင္း မိုးရြာရင္ သိပ္……ေကာင္းမွာပဲေနာ္။

အခုဆို ေမေမႀကီးက ဂ်က္ကီ့ကို သခင့္အခန္းထဲမွာ ေပးေနၿပီဂ်။ သူ႔ရဲ႕အရသာကေလ ဘယ္လိုေျပာရမလဲ.. ဘယ္လိုေျပာရမလဲ။ သခင္က သူအိပ္တဲ့ အိပ္ရာေပၚ ေပးတက္္တယ္။ အိစက္ေနေတာ့ ဂ်က္ကီလည္း ျပန္မဆင္းပဲ အိပ္ပလိုက္တယ္။ ဒါေတာင္ တစ္ခါတစ္ေလ သခင္က ကန္ခ်ခ်င္ေသးတာ.. ဟြန္းဟြန္း..

ဘာပဲေျပာေျပာ ဒီလို ေသာက္ညင္ကပ္စရာေကာင္းေအာင္ ခ်စ္ဖို႔ေကာင္းတဲ့ သခင္ ၊ ေသာက္ညင္ကပ္စရာေကာင္းေလာက္ေအာင္ ဂ်က္ကီ့ကို ခ်စ္တဲ့ သခင္ နဲ႔ ဆံုခြင့္ရတာ ဂ်က္ကီကံေကာင္းတယ္လို႔ မွတ္ယူပါတယ္။

ဒီေတာ့ သခင့္အေပၚ သစၥာ႐ွိစြာ အမိန္႔နာခံရမယ္.. ထိုင္ဆို ထ ၊ ထဆို ထိုင္ ၊ ဂ်က္ကီ လာ လာ ဆို မၾကားခ်င္ေယာင္ေဆာင္ ၊ သခင့္လက္ထဲကဟာ မွန္သမ်ွ အကုန္ဆြဲ ၊ ႏိုး ဆို ဆက္လုပ္ ၊ ဂြတ္ဂြတ္ ဆို လုပ္လက္စ ခ်က္ခ်င္းရပ္… အဲဂလို အဲဂလို အမႈထမ္းသြားမွာျဖစ္ေၾကာင္း…ဟီး..

သခင္နဲ႔ ကျမင္းလိုက္ဦးမယ္..ေနာက္မွ ဆက္ေရးမယ္ေနာ့.. အာဝူး….

#Unicode

အဟမ်း.. ဒီတစ်ခါတော့ ကြောင်တွေအကြောင်းပြောပြမယ်။ ဒင်းတို့ဟာ အင်မတန်မှ သောက်ကျင့်မကောင်းတဲ့ကောင်တွေဗျ။ စဉ်းစားကြည့်လေ.. အနော့်ခြံထဲ ခပ်တည်တည်နဲ့ သေးဝင်ပေါက်တယ်။ လိုက်ကိုက်တာ.. သီသီလေးလွတ်သွားတယ်။ ဟော.. အနော့်အစာခွက်ထဲက အစာလုံးတွေတောင် လာသမကြသေးတယ်။ စဉ်းစားကြည့်.. ဘယ်လောက်တောင် ကိုက်ချင်စရာကောင်းသလဲလို့။ တစ်ခါတစ်လေများ ခြံအပြင်ကနေ တစ်လှမ်းချင်းလုပ်နေသေးတယ်။ ခြံတံခါး ခံနေမှန်းသိလို့ ဟောင်တာတောင် ထွက်မပြေးဘူး။

ခုတော့ အနော့်ခြံထဲ ဒီကောင်တွေ သိပ်မလာတော့ဘူးဗျ။ ဒီတော့ ဘာဖြစ်သလဲ??? အပြင်လမ်းလျှောက်ထွက်တော့ လိုက်ဖမ်းတာပေါ့။ ဟွန်းဟွန်း..

တစ်ခါတော့.. သခင်နဲ့ လမ်းလျှောက်ထွက်တုန်း.. ကြောင်တစ်ကောင်က ရှေ့ကဖြတ်ပြေးသဗျ။ အနော်လည်း ဒါမျိုးတော့ လက်လွတ်မခံဘူးလေ။ လိုက်တာပေါ့.. အဲဒီမှာတင် သခင်ဆွဲထားတဲ့ ကြိုးလွတ်သွားတာပေါ့။ အစာခြောက်ရဲ့ အရသာကို ငတ်ပြတ်မှ သိမယ်..လွတ်လပ်ရေးဆိုတဲ့ အရသာကို ကြိုးလွတ်မှ သိမယ် ဆိုတဲ့ စကားတယ်မှန်သကိုးဗျ။ အနော်လည်း အဲဒီကြောက်နောက်ပြေးလိုက်တော့ သခင်က နောက်ကနေ ဂျက်ကီ နိုး.. ဂျက်ကီ.. ဂျက်ကီ.. ဆိုပြီး ပြေးလိုက်လာတယ်။ ခဏနေတော့.. အား လို့အော်သံကြားလို့ လှည့်ကြည့်တော့ သခင် ခြေထောက်ကိုင်ပြီး ထိုင်နေတာကို တွေ့ရတယ်။ သခင် နဲ့ ကြောင်စုတ်မှာ သခင့်ကိုပဲ ရွေးလိုက်ပြီး သခင့်ဆီပြန်ပြေးသွားလိုက်တယ်။ ညည်းသံကို ခုထိကို နားထဲက မထွက်သေးဘူး။ တော်တော်နာသွားပုံပဲ။ ဂျက်ကီလည်း လျှာလေးနဲ့ လျက်ပေးလိုက်တယ်။ အဲဒီကိစ္စဖြစ်ပြီးနောက် သခင်ဟာ လမ်းလျှောက်ရင် ထော့နဲ့ ထော့နဲ့ ဖြစ်နေတာ တော်တော်ကြာသကိုး။ ခုတော့လည်း ကောင်းသွားပါပြီ။ အဲဒီကတည်းက ဂျက်ကီ စွန့်စားခန်းမထွက်ရတော့တာပါ။ ဒီနေ့တော့ ဂျက်ကီ့ကြိုးကို ပြန်စစ်နေတာ တွေ့ရတယ်။ နိဖန်တော့ ကြောင်မသားတွေ သေဖို့သာပြင်.. ဂျက်ကီလာပဟေ့…

တစ်နေ့တော့ သခင်က အစာခွက်လာချတော့ စားနေကျ အစာမဟုတ်ပဲ ထမင်းနဲ့အသားတွေ ကျွေးတယ်ဗျ။ နူးနေတာပဲ။ အရည်လေးကလည်း အရသာရှိ။ ရှိမှာပေါ့.. သခင်က သူကိုယ်တိုင်မြည်းပြီးမှ ကျွေးတာလေ။ ဂျက်ကီ့ဝေစုတွေ လျော့ကုန်ရင် စွတ်ခ။

ထမင်းလေးဘာလေး ပြောင်းစားရတော့ အူစိုလာတာတော့ အမှန်ပဲ။ အောင်မယ်.. ဂျက်ကီ့ဇာတာ ဒီမှာတင် မရပ်ဘူး။ ဘီစကစ်တွေလည်း ပါသေးသဗျ။ ကိတ်မုန့်လည်း စားရတယ်။ ခုမှပဲ အစုံစားသတ္တဝါ စစ်စစ် ဖြစ်တော့တယ်။

တစ်ခါတော့ သခင်ရယ် ၊ သူ့ဖေဖေမေမေရယ် ဂျက်ကီ့ကို ခြံထဲထုတ်.. ကြိုးသိုင်းပေး… လမ်းလျှောက်မယ်ထင်တာ…။ ဘယ်ကလာ… ရေပိုက်ကြီးနဲ့ ထိုးတော့တာပဲ။ နားထဲတော့ မထိုးဘူးပေါ့။ ဒါပေမယ့် ရေတွေကလည်း ချမ်းလိုက်တာ.. ဂတ်ဂတ်ဂတ်…။ မွှေးမွှေးအမြှုပ်လေးတွေထတဲ့ အရည်နဲ့ တစ်ကိုယ်လုံးကို သခင်က ဆေးပေးတယ်။ နောက်ပြီး ရေခြောက်အောင် ဝိုင်းသုတ်ပေးကြတယ်။ ခဏနေတော့ လေပူတွေထွက်တဲ့စက်နဲ့ အခြောက်ခံပေးတော့.. အိုကေမှာ စိုပြေသွားတော့တာပေါ့။ ရေချိုးပြီး ခဏနေတော့ သခင်က အညိုရောင်အရည် <အိုဗာတင်း> တွေဖျော်တိုက်တယ်။ နွေးပြီးချိုနေတော့ ရေချိုးပြီးကာစမှာ သောက်လို့ကောင်းမှကောင်း…အာဝူး..

သခင်က ဂျက်ကီအတွက် ဘောလုံးလေးလည်း ဝယ်လာတယ်။ သိပ်ကိုက်ကောင်းတာပဲ။ နောက်တော့ ဝါးစားလို့ရတဲ့ အရိုးတွေ။ သွားယားရင် ယားကြည့်စမ်း.. သခင်ဝယ်ပေးထားတဲ့ အရိုးတုတွေရှိတယ်။

တစ်ညတော့ မိုးပေါ်ကနေ ရေစက်တွေကျလာတယ်။ လေတွေလည်းတိုက်။ ဂျက်ကီ့ဘဝမှာ တစ်ခါမှ မမြင်ဖူးလို့ အိမ်ထဲကနေ ထိုင်ကြည့်နေလိုက်တယ်။ နေလို့ အေးသွားတာတော့ အမှန်ပဲဗျ။ အဲဒီညက ဂျက်ကီ့အိမ်လေး မိုးပက်သွားလို့တဲ့.. အိမ်ထဲမှာ ပေးအိပ်တယ်။ ဂျက်ကီပျော်လိုက်တာလေ။ ( ဒါက original post မှာ ရေးထားတဲ့အတိုင်း ပြန်ထည့်ထားတာပါ။ သူ့ခွေးအိမ်လေးထဲမှာ ဂျက်ကီ မအိပ်တာ.. တစ်နှစ်ခွဲရှိပါပြီ။ အိမ်ထဲမှာပဲ သိပ်တာပါ ) သခင့်အခန်းထဲမှာတော့ မဟုတ်ဘူး။ အောက်ထပ်မှာ အိပ်ရတာ။ ညတိုင်း မိုးရွာရင် သိပ်……ကောင်းမှာပဲနော်။

အခုဆို မေမေကြီးက ဂျက်ကီ့ကို သခင့်အခန်းထဲမှာ ပေးနေပြီဂျ။ သူ့ရဲ့အရသာကလေ ဘယ်လိုပြောရမလဲ.. ဘယ်လိုပြောရမလဲ။ သခင်က သူအိပ်တဲ့ အိပ်ရာပေါ် ပေးတက်တယ်။ အိစက်နေတော့ ဂျက်ကီလည်း ပြန်မဆင်းပဲ အိပ်ပလိုက်တယ်။ ဒါတောင် တစ်ခါတစ်လေ သခင်က ကန်ချချင်သေးတာ.. ဟွန်းဟွန်း..

ဘာပဲပြောပြော ဒီလို သောက်ညင်ကပ်စရာကောင်းအောင် ချစ်ဖို့ကောင်းတဲ့ သခင် ၊ သောက်ညင်ကပ်စရာကောင်းလောက်အောင် ဂျက်ကီ့ကို ချစ်တဲ့ သခင် နဲ့ ဆုံခွင့်ရတာ ဂျက်ကီကံကောင်းတယ်လို့ မှတ်ယူပါတယ်။

ဒီတော့ သခင့်အပေါ် သစ္စာရှိစွာ အမိန့်နာခံရမယ်.. ထိုင်ဆို ထ ၊ ထဆို ထိုင် ၊ ဂျက်ကီ လာ လာ ဆို မကြားချင်ယောင်ဆောင် ၊ သခင့်လက်ထဲကဟာ မှန်သမျှ အကုန်ဆွဲ ၊ နိုး ဆို ဆက်လုပ် ၊ ဂွတ်ဂွတ် ဆို လုပ်လက်စ ချက်ချင်းရပ်… အဲဂလို အဲဂလို အမှုထမ်းသွားမှာဖြစ်ကြောင်း…ဟီး..

သခင်နဲ့ ကမြင်းလိုက်ဦးမယ်..နောက်မှ ဆက်ရေးမယ်နော့.. အာဝူး….

ဂျက်ကီ့ ဒိုင်ယာရီ ၄

ကိုကို မမ အူးအူး တီိတီတို့ အာဝူးပါ..

အနော် ဟိုးတစ်လောက စွန့်စားခန်းထွက်တာ ပြောပြပြီးပြီဆိုတော့ ဒီတစ်ခါ လူဆိုးကြီးနဲ့ သွားချကြတာပြောပြမယ်။

တစ်နေ့ မနက်ပိုင်းမှာတော့ အနော့်သခင်ဟာ ပုံမှန်ထက်ထူးခြားစွာ

သောက်ပလုပ်တုတ်.. သခင်က နောက်ခန်းမှာ အနော်နဲ့ ထိုင်တယ်။ သူပါလာလို့.. မဟုတ်ရင် ဂျက်ကီကားပေါ်တောင် မတက်ဘူးမှတ်။ ခဏနေတော့ ကားထွက်တော့လေ.. မူးဒယ်..မူးဒယ်… အေးပေမယ့် မူးဒယ်..သခင်ကတော့ ခေါင်းကိုပွတ်.. အနော့်ခေါင်းကို သူ့ပေါင်ပေါ်တင်ပြီး မှေးခိုင်းပေမယ့် မူးနေတာကို ဘူမှမသိကြဘူး…

နည်းနည်းကြာတော့ ကားရပ်သွားတယ်။ အဆင်းမှာမူးနေတော့ သိုင်းကွက်နင်းပြီး ရာဇအိနြေ္ဒနည်းနည်းပျက်သွားသေးတယ်။ အမူးပြေမှ သခင် ကြိုးဆွဲတဲ့နောက်လိုက်ကြည့်လိုက်တော့.. လား..လား.. ရန်သူတော်တွေများကြီး..များကြီးကိုး။ အခန်းထဲမှာ ကြောင်တွေ ၊ စုတ်ဖွားတွေ ၊ သူတို့ သခင်တွေ အညားကြီးပဲ။ ဂျက်ကီ့ကို ဒါမျိုး လာမစမ်းနဲ့.. အိုက်ရား.. ဝုတ်ဝုတ်ဝုတ်.. ဝုတ်ဝုတ်ဝုတ်… ဂါး..ဂီး..ဂဲ..

ဂျက်ကီ…နိုး!!!!! ကြားနေကျအသံ.. ဒါပေမယ့် ဒီတစ်ခါတော့ သခင်မှ အန္တရာကိုမမြင်တာ။ အနော်က ကြိုမြင်တယ်။ ဒီကောင်တွေကို အပြတ်ရှင်းပစ်မယ်။ အထဲကကောင်တွေက မလောက်လေးမလောက်စားနဲ့.. ပြန်ဟောင်နေသကိုး။ အောင်မာ.. ဟိုကြောင်စုတ်.. ငါ့မြင်တာနဲ့ သေးတွေထွက်ကုန်ပြီ။ ထပ်ဖြဲခြောက်လိုက်ဦးမယ်.. ဂါး..ဂီး..

အဲဒီမှာတင် အနော် နဲ့ သခင်ဟာ ရန်သူ့စခန်းထဲမှာ မနေရတော့ပဲ စခန်းအပြင်ကနေ စောင့်နေရတယ်။ ဟမ်.. ကြည့်စမ်း… ကားကြီးဆီိကို စခန်းထဲကနေ ဖိုက်တာကြီး ၂ ကောင်ထွက်လာတယ်။ အမြီးလည်း ရှိကြဘူး။ ဂျက်ကီကွ… ဝုတ်ဝုတ်ဝုတ်.. ဝုတ်.. အာဝူး။

သခင့်ဆူသံတွေကလည်း ညံနေတာပဲ။ တွေ့လား.. ဟို ၂ ကောင် ကုပ်ကုပ်လေး ကားပေါ်တက်သွားတာ.. ဟဲဟဲဟဲ..
အမ်.. ဘယ်ခေါ်သွားတာတုန်း… ရန်သူ့စခန်းထဲ ခေါ်သွားတာပါလား။ အလယ်မှာ သံစင်ကြီး။ အဲဒါဘာကြီးတုန်း.. သွားဘူး..သွားဘူး. မချီနဲ့ သခင်.. မလိုက်ဘူး.. ကယ်တော်မူကြပါဗျို့.. အာဝူး..။ လူဆိုးဗိုလ်ကြီးက လက်အိပ်ဖြူကြီးနဲ့။ အနော့်ကို စင်ပေါ်မှာ ကြည့်နေတယ်။ အနော့်ကို လှဲအိပ်ခိုင်းပြီး သခင်က ခေါင်းကို ပွတ်..အင်း… နာ့သခင်ရှိပေလို့သာပဲ.. တော်သေး..သေး.. ဇွိ!!!!! မျက်စိထဲ ပြာဟာဟာတက်သွားတာပဲ။ အာမဝူးဗျ… ဘယ်ဘက်တင်ပါး..နာ..နာ.. အိုင်..အိုင်..အိုင်… အီအီ…အီအီ.. အိုင်…ကယ်ကြပါ.. သခင်.. သခင် လုပ်ပါဦး.. လမ်းလျှောက်မရတော့ဘူး။ တင်ပါး..တင်ပါး.. နာတယ်။ လူဆိုးဗိုလ်ကြီးကို အနော်တို့ မနိုင်လောက်ဘူး။ ပြန်ဆုတ်မယ်.. သခင်.. ဆုတ်!!!!!!! သခင်က အနော့်ကို ချီပြီး စခန်းရှေ့ ပြန်ပြေးလာတယ်။ သခင့်အဖေက လူဆိုးဗိုလ်ကြီးနဲ့ စစ်ပြေငြိမ်းစကား ပြောနေခဲ့မှာပေါ့။ အနော် အော်လို့တဲ့.. ကြောင်သခင်တွေက ဝိုင်းရယ်ကြတယ်။ ဂျက်ကီ့ကို ဘာမှတ်နေလဲ။ အားလုံးကို ကိုက်ပြိုက်မယ်။ အာဝူး..

ကားပေါ်ပြန်ရောက်တော့ တင်ပါးကို သခင်က အို့အို့ဆိုပြီး ခြေပေးတယ်။ ဘာတွေပြောနေပါလိမ့်.. သိပ်စိတ်ကြီးတာကွနော်…
ခဏနေတော့ ကားထွက်တော့.. မူးလာပြန်ရော.. နာလည်းနာ မူးလည်းမူး ကြောက်လည်းကြောက်..

.. ရင်ထဲမှာ နေမကောင်းဘူး.. ဝေါ့…ဂေ့!!!! ခုမှပဲ နေရတာ သက်သာသွားတယ်။ သခင်က ဆူဘူးဗျ။ ဂျက်ကီ အန်လိုက်တာကို။ စိုးရိမ်သံလေးနဲ့ ပြာနေတာပဲ။ နာမူးကြောက်ဝေဒနာ တယ်ဆိုးတာကိုး။ အိမ်ပြန်ရောက်တော့ မူးနေသေးတယ်။ အမူးပြေတော့ ရေပြေးသောက်.. ဟမ်း.. ခုမှပဲ နေကန်းသွားတော့တယ်။ နောက်ဆို ဘယ်တော့မှ အဲဒီလူဆိုးကြီးဆီသွားတော့ဘူး..နော်.. သခင်..နော်..

နောက်နေ့တွေကျတော့ မနက် ဂျက်ကီလမ်းလျှောက်ပြီးပြီဆို လူတွေထွက်လာပြီး လမ်းပေါ်မှာ တစ်ယောက်နဲ့ တစ်ယောက် ရေချိုးပေးကြတယ်။ (သင်္ကြန်ကျတာပါ)ပုံးတွေ ခွက်တွေနဲ့လောင်း။ အောင်မာ.. မလောက်လေးမလောက်စား ချာတိတ်တွေကလည်း အိမ်ရှေ့မှာ ဖြတ်သွားပါလား… ယားယိစ်.. ဝုတ်ဝုတ်ဝုတ်..ဝုတ်ဝုတ်ဝုတ်။ ကြောင်တွေကလည်း မခန့်တာ။ ဟိုကြောင်မသား.. လာခဲ့စမ်းဘာ..။ ကြောင်ဆိုတဲ့အမျိုးဟာ အင်မတန်ဆိုးရွားလှတာ.. သူခိုးဓားပြထက်ဆိုးတဲ့ ရန်သူပါ။ ကြောင်အလိုက်ကောင်းလို့ ဖြစ်ပျက်သွားတဲ့ ကိစ္စလေးကိုတော့ နောက်မှ ပြောပြတော့မယ်ဂျာ.. သခင်က အဲဒီဖြစ်ရပ်အကြောင်းပြောရင် သိပ်မကြိုက်ဘူး။ ရှူးတိုးတိုး..နောက်မှ တိုးတိုးလေးပြောပြမယ်။ ခုတော့ အာဝူးနော်..

##############

Zaw Gyi

ဂ်က္ကီ့ ဒိုင္ယာရီ ၄

ကိုကို မမ အူးအူး တီိတီတို႔ အာဝူးပါ..

အေနာ္ ဟိုးတစ္ေလာက စြန့္စားခန္းထြက္တာ ေျပာျပၿပီးၿပီဆိုေတာ့ ဒီတစ္ခါ လူဆိုးႀကီးနဲ႔ သြားခ်ၾကတာေျပာျပမယ္။

တစ္ေန႔ မနက္ပိုင္းမွာေတာ့ အေနာ့္သခင္ဟာ ပုံမွန္ထက္ထူးျခားစြာ

ေသာက္ပလုပ္တုတ္.. သခင္က ေနာက္ခန္းမွာ အေနာ္နဲ႔ ထိုင္တယ္။ သူပါလာလို႔.. မဟုတ္ရင္ ဂ်က္ကီကားေပၚေတာင္ မတက္ဘူးမွတ္။ ခဏေနေတာ့ ကားထြက္ေတာ့ေလ.. မူးဒယ္..မူးဒယ္… ေအးေပမယ့္ မူးဒယ္..သခင္ကေတာ့ ေခါင္းကိုပြတ္.. အေနာ့္ေခါင္းကို သူ႔ေပါင္ေပၚတင္ၿပီး ေမွးခိုင္းေပမယ့္ မူးေနတာကို ဘူမွမသိၾကဘူး…

နည္းနည္းၾကာေတာ့ ကားရပ္သြားတယ္။ အဆင္းမွာမူးေနေတာ့ သိုင္းကြက္နင္းၿပီး ရာဇအိေျႏၵနည္းနည္းပ်က္သြားေသးတယ္။ အမူးေျပမွ သခင္ ႀကိဳးဆြဲတဲ့ေနာက္လိုက္ၾကည့္လိုက္ေတာ့.. လား..လား.. ရန္သူေတာ္ေတြမ်ားႀကီး..မ်ားႀကီးကိုး။ အခန္းထဲမွာ ေၾကာင္ေတြ ၊ စုတ္ဖြားေတြ ၊ သူတို႔ သခင္ေတြ အညားႀကီးပဲ။ ဂ်က္ကီ့ကို ဒါမ်ိဳး လာမစမ္းနဲ႔.. အိုက္ရား.. ဝုတ္ဝုတ္ဝုတ္.. ဝုတ္ဝုတ္ဝုတ္… ဂါး..ဂီး..ဂဲ..

ဂ်က္ကီ…နိုး!!!!! ၾကားေနက်အသံ.. ဒါေပမယ့္ ဒီတစ္ခါေတာ့ သခင္မွ အႏၲရာကိုမျမင္တာ။ အေနာ္က ႀကိဳျမင္တယ္။ ဒီေကာင္ေတြကို အျပတ္ရွင္းပစ္မယ္။ အထဲကေကာင္ေတြက မေလာက္ေလးမေလာက္စားနဲ႔.. ျပန္ေဟာင္ေနသကိုး။ ေအာင္မာ.. ဟိုေၾကာင္စုတ္.. ငါ့ျမင္တာနဲ႔ ေသးေတြထြက္ကုန္ၿပီ။ ထပ္ျဖဲေျခာက္လိုက္ဦးမယ္.. ဂါး..ဂီး..

အဲဒီမွာတင္ အေနာ္ နဲ႔ သခင္ဟာ ရန္သူ႔စခန္းထဲမွာ မေနရေတာ့ပဲ စခန္းအျပင္ကေန ေစာင့္ေနရတယ္။ ဟမ္.. ၾကည့္စမ္း… ကားႀကီးဆီိကို စခန္းထဲကေန ဖိုက္တာႀကီး ၂ ေကာင္ထြက္လာတယ္။ အၿမီးလည္း ရွိၾကဘူး။ ဂ်က္ကီကြ… ဝုတ္ဝုတ္ဝုတ္.. ဝုတ္.. အာဝူး။

သခင့္ဆူသံေတြကလည္း ညံေနတာပဲ။ ေတြ႕လား.. ဟို ၂ ေကာင္ ကုပ္ကုပ္ေလး ကားေပၚတက္သြားတာ.. ဟဲဟဲဟဲ..
အမ္.. ဘယ္ေခၚသြားတာတုန္း… ရန္သူ႔စခန္းထဲ ေခၚသြားတာပါလား။ အလယ္မွာ သံစင္ႀကီး။ အဲဒါဘာႀကီးတုန္း.. သြားဘူး..သြားဘူး. မခ်ီနဲ႔ သခင္.. မလိုက္ဘူး.. ကယ္ေတာ္မူၾကပါဗ်ိဳ႕.. အာဝူး..။ လူဆိုးဗိုလ္ႀကီးက လက္အိပ္ျဖဴႀကီးနဲ႔။ အေနာ့္ကို စင္ေပၚမွာ ၾကည့္ေနတယ္။ အေနာ့္ကို လွဲအိပ္ခိုင္းၿပီး သခင္က ေခါင္းကို ပြတ္..အင္း… နာ့သခင္ရွိေပလို႔သာပဲ.. ေတာ္ေသး..ေသး.. ဇြိ!!!!! မ်က္စိထဲ ျပာဟာဟာတက္သြားတာပဲ။ အာမဝူးဗ်… ဘယ္ဘက္တင္ပါး..နာ..နာ.. အိုင္..အိုင္..အိုင္… အီအီ…အီအီ.. အိုင္…ကယ္ၾကပါ.. သခင္.. သခင္ လုပ္ပါဦး.. လမ္းေလၽွာက္မရေတာ့ဘူး။ တင္ပါး..တင္ပါး.. နာတယ္။ လူဆိုးဗိုလ္ႀကီးကို အေနာ္တို႔ မနိုင္ေလာက္ဘူး။ ျပန္ဆုတ္မယ္.. သခင္.. ဆုတ္!!!!!!! သခင္က အေနာ့္ကို ခ်ီၿပီး စခန္းေရွ႕ ျပန္ေျပးလာတယ္။ သခင့္အေဖက လူဆိုးဗိုလ္ႀကီးနဲ႔ စစ္ေျပၿငိမ္းစကား ေျပာေနခဲ့မွာေပါ့။ အေနာ္ ေအာ္လို႔တဲ့.. ေၾကာင္သခင္ေတြက ဝိုင္းရယ္ၾကတယ္။ ဂ်က္ကီ့ကို ဘာမွတ္ေနလဲ။ အားလုံးကို ကိုက္ၿပိဳက္မယ္။ အာဝူး..

ကားေပၚျပန္ေရာက္ေတာ့ တင္ပါးကို သခင္က အို႔အို႔ဆိုၿပီး ေျခေပးတယ္။ ဘာေတြေျပာေနပါလိမ့္.. သိပ္စိတ္ႀကီးတာကြေနာ္…
ခဏေနေတာ့ ကားထြက္ေတာ့.. မူးလာျပန္ေရာ.. နာလည္းနာ မူးလည္းမူး ေၾကာက္လည္းေၾကာက္..

.. ရင္ထဲမွာ ေနမေကာင္းဘူး.. ေဝါ့…ေဂ့!!!! ခုမွပဲ ေနရတာ သက္သာသြားတယ္။ သခင္က ဆူဘူးဗ်။ ဂ်က္ကီ အန္လိုက္တာကို။ စိုးရိမ္သံေလးနဲ႔ ျပာေနတာပဲ။ နာမူးေၾကာက္ေဝဒနာ တယ္ဆိုးတာကိုး။ အိမ္ျပန္ေရာက္ေတာ့ မူးေနေသးတယ္။ အမူးေျပေတာ့ ေရေျပးေသာက္.. ဟမ္း.. ခုမွပဲ ေနကန္းသြားေတာ့တယ္။ ေနာက္ဆို ဘယ္ေတာ့မွ အဲဒီလူဆိုးႀကီးဆီသြားေတာ့ဘူး..ေနာ္.. သခင္..ေနာ္..

ေနာက္ေန႔ေတြက်ေတာ့ မနက္ ဂ်က္ကီလမ္းေလၽွာက္ၿပီးၿပီဆို လူေတြထြက္လာၿပီး လမ္းေပၚမွာ တစ္ေယာက္နဲ႔ တစ္ေယာက္ ေရခ်ိဳးေပးၾကတယ္။ (သၾကၤန္က်တာပါ)ပုံးေတြ ခြက္ေတြနဲ႔ေလာင္း။ ေအာင္မာ.. မေလာက္ေလးမေလာက္စား ခ်ာတိတ္ေတြကလည္း အိမ္ေရွ႕မွာ ျဖတ္သြားပါလား… ယားယိစ္.. ဝုတ္ဝုတ္ဝုတ္..ဝုတ္ဝုတ္ဝုတ္။ ေၾကာင္ေတြကလည္း မခန့္တာ။ ဟိုေၾကာင္မသား.. လာခဲ့စမ္းဘာ..။ ေၾကာင္ဆိုတဲ့အမ်ိဳးဟာ အင္မတန္ဆိုးရြားလွတာ.. သူခိုးဓားျပထက္ဆိုးတဲ့ ရန္သူပါ။ ေၾကာင္အလိုက္ေကာင္းလို႔ ျဖစ္ပ်က္သြားတဲ့ ကိစၥေလးကိုေတာ့ ေနာက္မွ ေျပာျပေတာ့မယ္ဂ်ာ.. သခင္က အဲဒီျဖစ္ရပ္အေၾကာင္းေျပာရင္ သိပ္မႀကိဳက္ဘူး။ ရွူးတိုးတိုး..ေနာက္မွ တိုးတိုးေလးေျပာျပမယ္။ ခုေတာ့ အာဝူးေနာ္..

Design a site like this with WordPress.com
Get started