ဂျက်ကီ့ ဒိုင်ယာရီ ၃

ကိုင်း… စွန့်စားခန်းတွေအတွက် အဆင်သင့်ဖြစ်နေကြပြီလား.. အနော့်ကိုတော့ သခင်က လမ်းလျှောက်ဖို့ ကြံစည်နေသတဲ့။ အနော့်ကို ကြိုးစမ်းစွပ်တဲ့နေ့က ခုန်ပေါက်.. ကိုက်ဝါး အကုန်လုပ်ပစ်လိုက်တာ.. သခင်လည်း ပက်လက်ကိုလန်ရှာလေရော။ သနားလို့ အစွပ်ခံလိုက်တော့.. သူ့ခမျာ ကျေနပ်ပြီး မုန့်တောင် ကျွေးသွားသေးတယ်.. နောက်နေ့ကျတော့ စွန့်စားခန်းထွက်ကြပါလေရော။ အနော်က ကမ္ဘာကြီးကို အနော့်ခြံလေးပဲ မှတ်နေတာ.. မှားသွားသဗျ။ မနက်ပိုင်း လမ်းလျှောက်ထွက်တာနဲ့ ၂ ခြံကျော်က ငတတစ်ကောင်က ထွက်ဟောင်သဗျ။ ပထမတော့ လန့်လို့ ငြိမ်ခံနေတာပေါ့။ နောက် ၂-၃ ခေါက်ကျတော့ အနော်လည်း ပြန်ဟောင်ပစ်လိုက်တယ်။ ခုချိန်ထိလည်း အဲခြံရှေ့က ဖြတ်တိုင်းဟောင်တုန်းပဲ။ နောက်တစ်ခြံကျတော့ နိုနိုလို ရွှေဝါရောင်ကောင်ကြီးတစ်ကောင် ထွက်ဟောင်ပြန်ရော.. အာကာဆိုပဲ နာမည်က။ တောဆန်လိုက်တာ..အဲဒီကောင် တောသားနေမှာ.. အသက်သာကြီး အနော့်ကျတော့ လိုက်ဟောင်နေတာကိုး..ဟွန်း။Continue reading “ဂျက်ကီ့ ဒိုင်ယာရီ ၃”

ဂျက်ကီ့ဒိုင်ယာရီ ၂

နောက်နေ့ကျတော့ သခင်အသစ်က အစောကြီး တံခါးလာဖွင့်ပေးတယ်။ ဒာနော်လည်း ပြေးထွက်လိုက်တယ်။ မုန့်ကျွေးတယ်.. ရေတိုက်တယ်။ တကယ့်ကို မဆိုးဘူးဗျ။ ဒါတောင် သခင်အသစ်က မနက်အစောကြီး ထွက်သွားတယ်။ ခဏနေတော့ သခင်အသစ်လည်း အထုပ်တွေဆွဲပြီး ကားပေါ်တက်သွားတယ်။ အနော့်ကိုလည်း ခေါင်းကို ပွတ်ပြီး သေချာမှာသွားတယ်။ ဘာတွေပြောနေမှန်း မသိပေမယ့် စိတ်မချလို့ မှာနေတယ်လို့တော့ သဘောပေါက်တယ်။ သခင် ၂ ယောက်စလုံး ထွက်သွားတော့ အိမ်က ကျန်တဲ့လူတွေက ကျွန်တော့်ကို မုန့်တွေကျွေးတယ်။ မုန့်ဆိုတာကလည်း စားနေကျ အစာလုံးတွေပါဗျာ။ တစ်နေကုန် အိပ်လိုက် စားလိုက်လုပ်နေတာ.. ညနေကျတော့ တီတီ ဆိုတာနဲ့ ကျွန်တော်လည်း အသံကြားလို့ထွက်ကြည့်တော့ သခင်အသစ် ပြန်လာတာ ဖြစ်နေတယ်။ အနော်လည်း ထွက်ပြီး ကြို.. သခင်က ဝင်းထဲမှာ ကျွန်တော်နဲ့ဆော့။Continue reading “ဂျက်ကီ့ဒိုင်ယာရီ ၂”

GSD / အယ်ဇေးရှင်း ဆိုတာ ဘာလဲ? အပိုင်း -၁

ခွေးမျိုးတွေအကြောင်း ရေးမယ်ရေးမယ်နဲ့ ခုမှ ရေးဖြစ်တာပါ။ ရေးတော့လည်း ကိုယ်အကြိုက်ဆုံးဖြစ်တဲ့ GSD ပဲ မျက်စိထဲ မြင်လာတာကြောင့် ဂျက်ကီတို့ GSD အကြောင်းလေးပဲ ရေးလိုက်ပါတယ်။ GSD နဲ့ အယ်ဇေးရှင်း တူတူပဲလား။ ရောင်းနေကြတာ အမျိုးမျိုးပြောရောင်းနေကြတာဆိုတော့လေ။ ဟုတ်ကဲ့ အတူတူပါပဲ။ GSD အရှည်ကောက်က German Shepherd Dog ဖြစ်ပါတယ်။ ဂျာမန်သိုးထိန်းခွေး လို့ အဓိပ္ပာယ်ရပါတယ်။ သူတို့ကို ခေါ်တဲ့ အခြား နာမည်တွေကတော့ Alsatian ( အယ်ဇေးရှင်း ) Berger Allemand Deutscher Schäferhund Schäferhund တို့ ဖြစ်ပါတယ်။ ############################### ကိုယ်အလေးချိန် အထီး ၃၀-၄၀ ကီလိုဂရမ် ( ၆၆-၈၈ ပေါင်) အမContinue reading “GSD / အယ်ဇေးရှင်း ဆိုတာ ဘာလဲ? အပိုင်း -၁”

ဂျက်ကီ ဒိုင်ယာရီ ၁

ကျွန်တော့်နာမည် ကျွန်တော်လည်း မသိဘူးဗျ.. သခင့်အသစ်ဆီရောက်တဲ့အထိပေါ့။ ကျွန်တော်အသက် ၃လခွဲရောက်တော့ မွေးကတည်းကတွေ့နေရတဲ့ ကျွန်တော့်သခင်က တစ်ရက်တော့ သူတို့မောင်းတဲ့ ကားလို့ခေါ်တဲ့ စက်ယာဉ်ကြီးနဲ့ ပတ်မောင်းပြတယ်။ ရိပ်တိပ်ရိပ်တိပ်နဲ့ မူးသလိုလိုပဲ။ နောက်နေ့ကျတော့မှ ခရီးအရှည်ကြီး စတော့တာကိုး ခင်ဗျ။ နောက်နေ့မနက် နေမထွက်ခင်…….ဖေဖေ၊ မေမေ၊ အစ်ကို ၊ ညီမလေး တွေက ကြည့်နေကြတယ်။ ကျွန်တော့်ကို ကားပေါ်တင်တော့ မနေ့ကလည်း အိမ်ကိုညနေ ပြန်လာတာဆိုတော့ ညနေလောက်ပြန်ရောက်မယ်လို့ ကျွန်တော်ရော သူတို့ပါ ထင်ခဲ့ကြတယ်။ သားရေ..ဂရုစိုက်.. ဖေဖေ့တုန်းကလို ကားဆိုတာကြီးနဲ့ အတိုက်မခံရစေနဲ့.. စတဲ့ အော်သံတွေ နောက်မှာ ကျန်ခဲ့တယ်။ နောက်တော့ သခင်ရယ် ၊ နောက်လူတစ်ယောက်ရယ်၊ ကျွန်တော်ရယ် ဒီ ၃ ယောက်ပဲ ကားပေါ်ပါတယ်ဆိုတာ ဆိုတာ သိလာတယ်။Continue reading “ဂျက်ကီ ဒိုင်ယာရီ ၁”

Design a site like this with WordPress.com
Get started